လမ်းဘေးကာရံများ

ပုံပေါ်မှာ Click &ပေးပြီးသီချင်းများဒေါင်းလုတ်ဆွဲနိုင်ပါသည်။

ဇေရဲ - လေးစားမှု

ပုံပေါ်မှာ Click ပေးပြီးသီချင်းများဒေါင်းလုတ်ဆွဲနိုင်ပါသည်။

ကျော်ထွဋ်ဆွေ - ရပ်ကွက်ထဲကအရူး

ပုံပေါ်မှာ Click ပေးပြီးသီချင်းများဒေါင်းလုတ်ဆွဲနိုင်ပါသည်။

သားသား & ရဲရင့်အောင်- အမုန်းဒိုင်ယာရီ

ပုံပေါ်မှာ Click ပေးပြီးသီချင်းများဒေါင်းလုတ်ဆွဲနိုင်ပါသည်။

မိစန္ဒီ - မိုနိုပိုလီ

ပုံပေါ်မှာ Click ပေးပြီးသီချင်းများဒေါင်းလုတ်ဆွဲနိုင်ပါသည်။

Gateway - နံပါတ်တစ်ဦးစားပေး

ပုံပေါ်မှာ Click ပေးပြီးသီချင်းများဒေါင်းလုတ်ဆွဲနိုင်ပါသည်။

Available To Download My Collection Songs Here

  • ၆၁. Stop Love - သားသား
  • ၆၀. ငွေရောင်လက်စွပ် - MC ဇေရဲ ( Final Version )
  • ၅၉. No More Cry - ရဲရင့်အောင် Feat : ထက်ယံ
  • ၅၈. Hip Hop Country - MC ဇေရဲ
  • ၅၇. Good Luck - သားသား
  • ၅၆. ဟိုးအဝေးဆုံး - MHL
  • ၅၅. မသိချင်ယောင်ဆောင်မျက်နှာလွှဲ - ဘန်နီဖြိုး ( Updated )
  • ၅၄. တိုကျိုအိပ်မက် - ယုန်လေး
  • ၅၃. ရင်ခုန်အောင်လုပ်လုပ်လုပ်ပြတယ် - စုချစ်ဇော်
  • ၅၂. အတူတူဆုံခွင့် - MC ဇေရဲ
  • ၅၁. အဆုံးသတ်ရလဒ် - သားကြီး
  • ၅၀. တစ်ဦးတည်းသောသား - ကျော်ထွဋ်ဆွေ
  • ၄၉. ချစ်တယ် - Spirit & Sean Hom Feat : Ko Sek & Hlwan Paing
  • ၄၈. မောင့်ချစ်သူ - သားသား
  • ၄၇. ဒုတိယလူ - Ah Boy Feat : လွှမ်းပိုင်
  • ၄၆. နင်ပြန်လာမဲ့အချိန် - ဘန်နီဖြိုး Feat : လွှမ်းပိုင် & နန္ဒာထွန်းတင်
  • ၄၅. မိုးရေ... မရွာပါနဲ့ - သိန်းလင်းစိုး
  • ၄၄. မိဘရှာပုံတော် - MC ဇေရဲ
  • ၄၃. ဟေးဘေဘီ - ယုန်လေး Feat : ဂျောက်ဂျက် & ကျော်ထွဋ်ဆွေ
  • ၄၂. ပန်းနမူနာ - ကျော်ထွဋ်ဆွေ
  • ၄၁. နင်ပျော်စေဖို့ - ဝေလင်း Feat : MC တေဇ
  • ၄၀. ဥပေက္ခာ - ယုန်လေး Feat : လွှမ်းပိုင်
  • ၃၉. မဝေးဘူး - လွှမ်းပိုင်
  • ၃၈. နားလည်ပေးပါ - ထွန်းထွန်း Feat : ထိန်ဝင်း & ချမ်းချမ်း
  • ၃၇. အဝေး - ရဲလေး
  • ၃၆. ငါနေကောင်းပါတယ် - MC ဇေရဲ
  • ၃၅. မျှော်လင့်သူ - စောသက် Feat : ဂျောက်ဂျက်
  • ၃၄. ဆရာကျလွန်းပါတယ် - ဂျောက်ဂျက်
  • ၃၃. လိုက်ရဲလားချစ်သူ - ကျော်ထွဋ်ဆွေ
  • ၃၂. ဒီလိုမျိုးချစ်သူတွေ - လွှမ်းပိုင် Feat : Bobby Soxer
  • ၃၁. ဆုတောင်းပေးမဲ့သူ - ဘန်နီဖြိုး Feat : Player K & Thar Zaw
  • ၃၀. ရင်ခုန်သံမပြောင်းလဲကြေး - Bobby Soxer Feat : Soe Phyo
  • ၂၉. ဝေးခဲ့ရင် - Kutti
  • ၂၈. Heart Breaker - ရဲရင့်အောင်
  • ၂၇. အနားနားဘေးမှာ - လွှမ်းပိုင် Feat : MC ဇေရဲ
  • ၂၆. ကောင်မလေး - လွှမ်းပိုင်
  • ၂၅. အချစ်ပြည့်နဲ့လမ်းခွဲ - MC ဇေရဲ Feat : MHL & MC Freddy & Thu Ya
  • ၂၄. My Angle - MC Yan Yan Feat : MC ဇရေဲ & MC Bay Gyi
  • ၂၃. တိတ်တခိုး - Bobby Soxer Feat : ရဲ​လေး
  • ၂၂. နင်သာရှိရင် - 9 One Feat : Gay Gae
  • ၂၁. စဉ်းစား - ရဲရင့်အောင် Feat : Jame
  • ၂၀. Oh Baby Goodnight - MC Tay Za Feat : K Z & ပစောက်
  • ၁၉. ရင်ထဲက - ဘန်နီဖြိုး
  • ၁၈. Only One With Me ( New Version ) - MC Tay Za
  • ၁၇. Only One With Me - MC Tay Za
  • ၁၆. With Love - MHL Feat : Thae Chit Ko
  • ၁၅. လုံးဝမမေ့သေးဘူး - အိဖြိုးချယ်ရီ Feat : ရသ
  • ၁၄. လစ်ဟာသွားတဲ့နှလုံးသား - MC Freddy
  • ၁၃. လမ်းခွဲခြင်း - စန္ဒီမြင့်လွင် Feat : ကျော်ထွဋ်ဆွေ
  • ၁၂. ကြွေလွင့်ရတော့မယ် - အိမ့်ချစ်
  • ၁၁. ခေါင်းစဉ်မဲ့အလွမ်း - MC ဝေလင်း Feat : ရွှယ်ရွှယ်
  • ၁၀. အချစ်ဦးချစ်သူ - Roll One Feat : ပြည့်ဖြိုး & အာဒံ
  • ၉. အယောင်အဆောင်ကကြိုး - MCတေဇ
  • ၈. ချန်ထားပြီးမှ - ဇေယျာ Feat : MC Bay Gyi
  • ၇. ကမ္ဘာငယ်လေး - 9 One Feat : အိမ့်ချစ်
  • ၆. ပျံသန်းတော့ငှက်ငယ် - Double Nyi & TG
  • ၅. မင်းတစ်ယောက်တည်း - MHL
  • ၄. ဟန်ဆောင်ထားတယ် - ထက်မွန်
  • ၃. ဘယ်သူ့အတွက်လဲ - MC ဝေလင်း Feat : Double Nyi & TG
  • ၂. I Love You Baby - MC ဝေလင်း Feat : MC တေဇ
  • ၁. စလုံးကချစ်သူ - 9 One
  • Wednesday, February 29, 2012

    Tuesday, February 28, 2012

    Monday, February 27, 2012

    Saturday, February 25, 2012

    Friday, February 24, 2012

    Easy Mp3 Downloader 4.3.8.6


    ဒါလေးကတော့ သီချင်းကြိုက်တဲ့သူတွေအတွက်ပါ။ အွန်လိုင်းမှာသီချင်းလေးတွေကိုလွယ်လွယ်ကူကူနဲ့ရယူနိုင်ဖို့အကူအညီပေး မယ့်ဆော့ဖ်ဝဲကောင်းလေးပါ။ Search Box မှာ မြန်မာလိုမပေါ်ပေမယ့် မြန်မာလိုမှန်အောင်ထည့်ရိုက်လိုက်ရင်တော့ Menu Lists မှာ မြန်မာလိုပေါ်ပါတယ်။ Menu Lists မှာမပေါ်ပါက Internet Explorer မှာမြန်မာဖောင့်ပြောင်းပေးလိုက်ရင် အဆင်ပြေသွားမှာပါ။ Full Version နဲ့အမြဲတမ်းသုံးနိုင်အောင် Patch ဖိုင်လေးထည့်ပေးထားပါတယ်။ Patch ဖိုင်အ သုံးပြုနည်းကိုလည်းရှင်းပြထားပါတယ်။ စိတ်ဝင်စားရင်အောက်မှာယူထားလိုက်ပါ။



    Patch ဖိုင်အသုံးပြုနည်း။

    အသုံးပြုနည်းကိုတော့ သိပြီးသားသူတွေရှိသလို မသိသေးတဲ့သူတွေလည်းရှိကြမှာပါ။ မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပါ တယ်။ ဒေါင်းလုတ်လို့ရတဲ့ဖိုင်လေးကို Right Click နဲ့ Extract Here လုပ်လိုက်ပါ။ Setup ကို Install လုပ်ပြီးရင် Dialog ကိုပိတ်လိုက်ပါ။ ပြီးရင် Notification Icon ကနေ သူ့ကို Exit လုပ်လိုက်ပါ။ အောက်ကပုံလေးအတိုင်းပေါ့။

     

    ပထမဆုံး Patch ဖိုင်လေးကို Double Click ပေးလိုက်ရင်အောက်ကပုံအတိုင်းတွေ့ရမှာပါ။ ပုံထဲကအတိုင်း Patch လေး ကို နှိပ်လိုက်ပါ။


    ပြီးရင်အောက်ကပုံ (၁) အတိုင်း Dialog တစ်ခုကျလာပါလိမ့်မယ်။ အဲဒီမှာပုံ (၂) အတိုင်းဘယ်ဘက်ခြမ်းက Local Disk (C:) ရှာပြီးကို Click ပေးလိုက်ပါ။ ပေးပြီးရင် ညာဘက်ခြမ်းမှာရှိတဲ့ Program Files ကို Double Click လေးပေးလိုက်ပါ။ EasyMP3Downloader ဖိုလ်ဒါကိုရှာပြီး Double Click ပေးပြီးဖွင့်လိုက်ပါ။

    ပုံ (၁)


    ပုံ (၂)


    အဲဒီမှာအောက်ကပုံအတိုင်း အနီရောင်ဘောင်နဲ့ခတ်ထားတဲ့ EasyMP3Downloader ကို Select လုပ်ပြီး Open ကိုနှိပ် လိုက်ရင်ရပါပြီ။ အဆင်ပြေပါစေ။

    Thursday, February 23, 2012

    Ashampoo Music Studio 3


    Ashampoo Music Studio 3 လေးပါ။ ဒီဆော့ဖ်ဝဲလေးက ကိုယ်တိုင်သီချင်းခွေလုပ်ချင်သူ အခွေဘန်းချင်သူတွေအတွက်ပေါ့။ Rip Audio CD, Burn Files, Organize Files, Modify Files, Record Audio, Broken File Assistant စတဲ့ Features တွေပါပါတယ်။ ဒီဆော့ဖ်ဝဲလေးကို စိတ်ကြိုက်အသုံးပြုလို့ရအောင် Keygen လေးလဲထည့်ပေးထားပါတယ်။ အသုံးပြုချင်တယ်ဆိုရင် အောက်မှာယူသွားလိုက်ပါ။ အားလုံးပဲပျော်ရွှင်ကြပါစေဗျာ။


    Wednesday, February 22, 2012

    Benvista Photo Zoom Pro 2.2.6


    ပုံတွေကို ကိုယ်လိုချင်တဲ့အရွယ်အစားချဲ့နိုင်ပြီး မူလအရည်အသွေးကို မလျှော့ကျစေတဲ့ဆော့ဝဲကောင်းလေးပါ။ ကိုယ်လိုချင်တဲ့ Effect အမျိုးအစားတွေကိုပြောင်းဖို့ Features တွေ ပါပါတယ်။ Full Version အဖြစ်သုံးအမြဲတမ်းသုံးနိုင်အောင် Serial Key လည်းတစ်ခါတည်းထည့်ပေးထားပါတယ်။ စမ်းချင်ရင်တော့အောက်မှာယူလိုက်ပါ။

    Tuesday, February 21, 2012

    Monday, February 20, 2012

    Blog မှာ Facebook လို Like Button နဲ့ Send Message Button ထားချင်ရင်။

    Facebook ကလိုမျိုးကိုယ်နှစ်သက်တာလေးတွေတွေ့ရင်Likeလုပ်လို့ရတာမျိုးပေါ့။ တစ်ချို့ဝက်ဆိုဒ်တွေမှာလဲတွေ့ ဖူးမှာ။ အဲလိုမျိုးကိုယ့်ရဲ့ဘလော့က ပို့စ်တွေအောက်မှာထားချင်ရင်ထားသူတွေအတွက်ပါ။

    ၁. Blogger Account ကို Sign in လုပ်ပါ။
    ၂. Dashboard ကိုရောက်ရင် Design ကို Click နှိပ်ပါ။
    ၃. Edit Html ကို Click နှိပ်ပါ။
    ၄. Expand Widget Templates ဆိုတဲ့စာဘေးက လေးထောင့်အကွက်လေးမှာအမှတ်ခြစ်လေးလုပ်ပေးလိုက်ပါ။ 
    ၅. Edit Html ကုတ်တွေကိုမြင်ရရင် ကီးဘုတ်မှာ Ctrl+F ကို တွဲနှိပ်ပြီး Find Box ကို ခေါ်လိုက်ပါ။ ပြီးရင်အောက်က Code ကိုရှာလိုက်ပါ။  
    <head>
    တွေ့ရင်သူ့ရဲ့အောက်က Code ကိုရှာထားတဲ့ Code ရဲ့အောက်မှာကတ်ပြီးထည့်ပေးလိုက်ပါ။
    <meta property="og:tag name" content="tag value"/>
    ၆. နောက်ထပ်အောက်က Code ကိုထပ်ရှာလိုက်ပါ။
    <data:post.body/>
    သူ့ကိုနှစ်ခုတွေ့ရလိမ့်မယ်။ ပထမတစ်ခုရဲ့အောက်မှာပဲ အေက်က Code ကိုရှာထားတဲ့ Code ရဲ့အောက်မှာကတ်ပြီး ထည့်ပေးလိုက်ပါ။
    <div>
    <b:if cond='data:post.isFirstPost'>
    <script>(function(d){
      var js, id = 'facebook-jssdk'; if (d.getElementById(id)) {return;}
      js = d.createElement('script'); js.id = id; js.async = true;
      js.src = "//connect.facebook.net/en_US/all.js#xfbml=1";
      d.getElementsByTagName('head')[0].appendChild(js);
    }(document));</script>
    </b:if>
    <fb:like expr:href="data:post.url" layout='button_count' send='true' show_faces='false' font="arial" action="like" colorscheme="light"></fb:like>
    </div>
    ပြီးရင် Save Template ပေးလိုက်ပါ။ 
    အဆင်ပြေပါစေ။

    Sunday, February 19, 2012

    Internet Download Manager v6.07 Build 14

    Internet Download Manager v6.07 Build 14 လေးပါ။ အထဲမှာ Keygen ကော Patch ဖိုင်ကော Seek n Destroy ကောပါ ပါတယ်။ Full Version လေးအဖြစ်သုံးနိုင်အောင်စုံစုံလင်လင်လေး ထည့်ထားပေးပါတယ်။ အောက်မှာ ယူလိုက်ပါ။

    Saturday, February 18, 2012

    en2mm v2

    ဒါလေးကတော့ မြန်မာလိုအသံထွက်ကို အင်္ဂလိပ်လိုရှာချင်တဲ့ ညီအကိုမောင်နှမတွေအတွက်ပါ။ FreeWare လေးဖြစ်တဲ့အတွက် ဘာကီးတွေမှ မလိုပါဘူး။ အလိုရှိသူများအောက်မှာယူလိုက်ပါ။

    Friday, February 17, 2012

    Thursday, February 16, 2012

    Photo Shop CS3 Lite



    မိမိရဲ့ဓါတ်ပုံတွေကိုကလိတာဝါသနာပါတယ် ဆိုရင်ဒါလေးကိုဆောင်ထားနော်။ လူတိုင်းလိုလိုသိတဲ့နာမည်ကြီး ဆော့ဖ်ဝဲလေးပါ။ ဓါတ်ပုံတွေပြင်တဲ့နေရာမှာသုံးလို့အကောင်းဆုံး ဆော့ဖ်ဝဲပါပဲ။


    Wednesday, February 15, 2012

    Wondershare DVD Slideshow Builder Deluxe 6.1.1


    မိမိရဲ့ဓါတ်ပုံတွေနဲ့ မိမိကြိုက်တဲ့သီချင်းကိုပေါင်းကာ Slideshow လေးလုပ်ပြီးအမှတ်တရသိမ်းထားချင်တယ်ဆိုတဲ့ သူငယ် ချင်းတွေအတွက်ပါ။ ဒီဆော့ဖ်ဝဲလေးနဲ့ မိမိဓါတ်ပုံတွေမှာမြန်မာစာတန်းလဲ ထိုးလို့ရပါတယ်။ Effect တွေတော်တော်စုံပါတယ်။ Slideshow လေးလုပ်ပြီး DVD ထဲတစ်ခါတည်းဘန်းထည့်လိုလည်းရပါတယ်။ ပြီးတော့ အပျင်းပြေပြန်ကြည့်လို့ရတာပေါ့။ စိတ်ဝင်းစားရင်အောက်မှာယူဗျာ။ အမြဲတမ်းအသုံးပြုနိုင်အောင် Serial Key လဲပါ ပါတယ်။


    Tuesday, February 14, 2012

    Windows 7 အသုံးပြုနည်းလက်စွဲ


    ဦးအောင်လင်းရေးသားတဲ့ Windows 7 အသုံးပြုနည်းလက်စွဲ မြန်မာလိုစာအုပ်လေးပါ။ Windows 7 သုံးတဲ့ ညီအကိုမောင်နှမ
    တွေအနေနဲ့ စက်ကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်တတ်အောင်ဆောင်ထားသင့်တဲ့ စာအုပ်ပါ။

    Monday, February 13, 2012

    Duplicate File Remover 1.3.2


    ဒီဆော့ဖ်ဝဲလေးကတော့ မိမိရဲ့ Pen Drive မှာဖြစ်စေ။ မိမိရဲ့ကွန်ပြူတာထဲမှာဖြစ်စေ။ ဖိုင်တစ်ခုတည်းကို တစ်ခါထက် ပိုပြီးသိမ်းမိတာတွေကိုရှာပေးပါတယ်။ ဥပမာ= ဒီဖိုင်က ဒီ Folder မှာလည်းရှိတယ်။ ဟို Folder မှာလည်းရှိ သလိုလို။ ဟို Folder မှာလည်းရှိသလိုလိုပေါ့။ အဲတာမျိုးတွေကို အကူအညီပေးမယ့်ဆော့ဖ်ဝဲလေးပါပဲ။ တကယ့်အရေးကြီးတဲ့ဖိုင်တွေဆို တစ်ခါထက်ပိုပြီးသိမ်းမိရင် ကိစ္စမရှိပါဘူး။ အရေးမကြီးတဲ့ဖိုင်တွေကို အထပ်ထပ် သိမ်းမိရင် နေရာတွေပုပ်ပါတယ်။ ဒီဆော့ဝဲလေးက Choose Search Mode အဖြစ် Documents, Pictures and Photos, Music, Video, Advanced Search တို့ဖြစ်ပါတယ်။ Advanced Search ကတော့ ဖိုင်တွေအာလုံးရဲ့ ထပ်နေတာကို ရှာပေးမှာပါ။ ပြီးရင်ထပ်နေတာတွေကို ဒီဆော့ဖ်ဝဲနဲ့ပဲ Delete လုပ်နိုင်ပါတယ်။ လိုအပ်တယ်ဆိုရင်အောက်  မှာဒေါင်းလိုက်ပါ။

    Install နည်း။
    ဒေါင်းလို့ရလာတဲ့ဖိုင်ကို Extract Here နဲ့ဖြည်လိုက်ပါ။ Setup ဖိုဒါထဲက Duplicate File Remover.exe ကို Run ပေးလိုက်ပါ။ ပြီးရင် Continue inTrial Mode နှိပ်ပြီး Close လုပ်လိုက်ပါ။ Patch ဖိုင်ထဲက DuplicateFileRemover.exe ကို Local Disk (C:) >>Program Files >> Duplicate File Remover ဆိုတဲ့ Folder ထဲ Copy လုပ်ပြီး Paste ထည့်လိုက်ပါ။ Copy and Replace ကိုရွေးပေးပါ။ တကယ်လို့ Cut လုပ်ပြီး Paste ထည့်ရင်တော့ Move and Replace ပေါ့။ Continue ကိုနှိပ်ပါ။ ပြီးရင်အားလုံးပိတ်ပြီး Desktop ပေါ်ကနေ သူ့ကိုဖွင့်လိုက်ပါ။ Dia Log အောက်အလယ်နားက Enter Activation Code ကိုနှိပ်ပါ။ အဲမှာ Activation Code ကို Copy ကူးထည့်လိုက်ပါ။ ဒါဆိုရင် Full Version အဖြစ်အမြဲတမ်းအသုံးပြုနိုင်မှာပါ။ အဆင်ပြေပါစေ။


    Sunday, February 12, 2012

    Myanmar Calender For Desktop


    မိမိကွန်ပြူတာရဲ့ Desktop မှာ မြန်မာပြက္ခဒိန်ထားချင်သူတွေအတွက်ပါ။ အထူးသဖြင့်အဝေးရောက် ညီအကို မောင်နှမတွေ ပိုပြီးအသုံးဝင်ပါတယ်။

    အသုံးပြုနည်း။
    ပထမဆုံး ဒေါင်းလို့ရတဲ့ဖိုင်ပေါ်ကို Mouse ထောက်ပြီး Right Click Menu ထဲက Extract Here ဖြင့်ဖိုင်ကိုဖြည်လိုက်ပါ။ Myanmar Calender.Gadget ဆိုတဲ့ Folder ကို Copy လုပ်ပြီး Local Disk C: >> Program Files >> Windows Sidebar >> Gadgets ထဲ Paste ထည့်လိုက်ပါ။ Continue နှိပ် အာလုံးပြီးပါပြီ။ Desktop ရဲ့လွတ်တဲ့နေရာမှာ Right Click ပေး ကျလာ Menu ထဲက Gadgets ကိုရွေးပြီး အဲထဲက Myanmar Calender ကို Double Click နှိပ်လိုက်ရင် ရပါပြီ။ အဆင်ပြေပါစေ။

    Saturday, February 11, 2012

    သတိရညနေခင်း - MC ဇေရဲ Feat : ရဲလေ & ကျော်ထွဋ်ဆွေ

    တွေ့ရဖို့က ခက်နေတယ် ဝေးသွားကြဖို့ ပိုမဖြစ်နိုင်
    အတူဆုံစည်းမယ့် နေ့တွေလည်း ကိုယ်ဖန်တီးလို့စောင့်မျှော်လှည့်

    ကြိုးစားပြီးတော့ထွက်လာပါ မင်းရဲ့အသိုင်းအ၀ိုင်းတွေကြားက
    ငါလေ မင်းအနားရှိမှာကပြယ်လွင့် မသွားတော့မယ့် အမှန်တရား
    အို အတူတူဆုံတွေ့ကြမှာပါ ဟိုး

    နင်ပျော်နိုင်မှာပါ ငါ့ရဲ့အချစ်တွေ ပေးထားကာမင်းလေး သိမ်းထားဦး
    အချိန်နာရီတွေ ဂရုစိုက်နေလို့ ချစ်သူကို ငေးရင်း
    အရောင်တွေစုံနေတဲ့ညနေခင်းအလှမှာ မင်းနှုတ်ခမ်းလေးအား
    ညင်သာစွာ ပွေ့ဖက်ကြည်နူးရင်း အမှတ်တရညနေခင်း

    အိုး အို  တစ်နေကုန် အလွမ်းတွေအတွက် ပွေ့ဖက်ခွင့်ပြုပါ မိန်းကလေးစိတ်ထဲက အရှုပ်အယှက်တွေက နှုတ်ဆက်ကာအဝေးပြေး
    မသိအောင်ပေးတဲ့အနမ်းက ရုတ်တရက် ငါ့အတွေးလေး
    အသိုင်းအ၀ိုင်းခြုပ်ခြယ်မှုက မွန်းကျပ်လား မေ့ဟေ့
    အစွန်းနှစ်ဘက်ထားပါ ကဲရုန်းထွက်လာကွာ
    အမှတ်တရညနေခင်းအတွက် ပြုံးလျှက်လာပါ ဘေဘီ

    မုန့်တွေစားမယ် မင်းကြိုက်တဲ့မုန့်ဆိုင် သွားတိုးဝယ်ကြမယ်
    အသဲယားလို့ ခေါင်းလေးပုတ်တော့ စိတ်ဆိုးမှာလား ကွယ်
    လှပတဲ့ ညနေခင်းမှာ လှပတဲ့ အချစ်တွေနဲ့ လှပတဲ့ သံစဉ်တွေကို သီကျူး
    အနာဂတ်အတွက် ပုံရိပ်တွေ စိတ်ကူးကာ အရူးထ
    မျက်ဝန်းက အရောင်တွေစူးရှ အာရုံနောက်စရာအခုစ
    မှိန်နေတဲ့ အလင်းရောင်အောက် အိမ်ပြန်ဖို့ကြောက်မနေပါနဲ့
    တွေ့ရတဲ့ အချိန်ခဏလေးမို့ အချိန်တွေရပ်လောက်ချင်ပါရဲ့
    နေရောင်က ပျောက်နေတာနဲ့ ဝေဒနာများ ဖောက်ချင်လာတယ်
    အိမ်ရောက်ရင် ဖုန်းဆက်ချိန်လေးစောင့်နေပါကွယ်
    လေလှိုင်းလေးထဲကနေပြီး ရောက်ရှိလာမယ်
    စောင့် စောင့် စောင့် စောင့်နေပါကွယ်

    နင်ပျော်နိုင်မှာပါ ငါ့ရဲ့အချစ်တွေ ပေးထားကာ နင်လေ သိမ်းထားဦး
    အချိန်နာရီတွေ ဂရုစိုက်နေလို့ ချစ်သူကို ငေးရင်း
    အရောင်တွေစုံနေတဲ့ညနေခင်းအလှမှာ
    မင်းနှုတ်ခမ်းလေးအား ညင်သာစွာ ပွေ့ဖက်ကြည်နူးရင်း
    အမှတ်တရညနေခင်း

    စချစ်ခဲ့တဲ့နေ့ကစပြီး မင်းကိုတစ်ရက်မမေ့ တခြားဘယ်သူတွေချစ်
    ဘယ်သူတွေထပ် ဘယ်သူတွေဖြတ်ပါစေ
    ချစ်တာတွေများတဲ့သူ့မှာ ဖြတ်စရာ တစ်ကွက်မတွေ့
    မနက်ကနေ ညနေ အလွမ်းတွေဘယ်လိုပဲ ဆက်ပါစေ
    တစ်ရက်တစ်ရက်လေး တွေ့ရဖို့ကို စောင့်လိုက်ရတဲ့အတွက်
    ငါ့မှာတစ်ရက်ကို တစ်သက်လိုပဲ ခေါင်းထဲမှာလေမှတ်
    ဒီလိုရက် ဒီလိုဆက် ဘယ်လိုအသက်တွေလည်း သတ်ပါစေ
    မျက်ရည်တွေထွက်နေမယ် အသက်မသေသရွေ့ရက်တွေဖြတ်
    ရှေ့တစ်ရက်နေစဉ် သူဝယ်ခဲ့တဲ့ခွက်ကလေး
    လက်တွေမြဲ နှစ်ယောက်တွဲ အမြဲပဲ တွဲခဲ့တဲ့ရက်တွေ
    ခေါင်းအုံးထက်က မျက်ရည်က သက်သေ ရေး ထပ်ထပ်ထပ်ထပ်
    ဇာတ်လမ်းတွေဆက်ဆက်ဆက်ဆက် နှစ်ယောက်အတူဖြတ်ဖြတ်ဖြတ်ဖြတ်
    အနာဂတ်တွေက လက်လက်လက်လက် ခက်ခက်
    လောလောဆယ် မင်းရဲ့အသိုင်းအ၀ိုင်းထဲကထွက်လာပါ
    ညနေတိုင်းတွေ့နေကျ တွေ့နေကျတိုင်းက ရက်ရာဇာ

    နင်ပျော်နိုင်မှာပါ ငါ့ရဲ့အချစ်တွေ ပေးထားကာ နင်လေ သိမ်းထားဦး
    အချိန်နာရီတွေ ဂရုစိုက်နေလို့ ချစ်သူကို ငေးရင်း
    အရောင်တွေစုံနေတဲ့ညနေခင်းအလှမှာ မင်းနှုတ်ခမ်းလေးအား
    ညင်သာစွာ ပွေ့ဖက်ကြည်နူးရင်း အမှတ်တရညနေခင်း
    တို့တွေတွေ့မယ့် ညနေခင်း ချစ်သူတိုင်းတွေ့တဲ့ ညနေခင်း

    အနမ်းတွေ နွေး ခြေလှမ်းတွေရွေးမယ့် ညနေခင်း
    ချစ်သူတိုင်းအတူတကွ တွေ့ကြတဲ့ ညနေခင်း

    နင်ပျော်နိုင်မှာပါ ငါ့ရဲ့အချစ်တွေ ပေးထားကာ နင်လေ သိမ်းထားဦး
    အချိန်နာရီတွေ ဂရုစိုက်နေလို့ ချစ်သူကို ငေးရင်း
    အရောင်တွေစုံနေတဲ့ညနေခင်းအလှမှာ မင်းနှုတ်ခမ်းလေးအား
    ညင်သာစွာ ပွေ့ဖက်ကြည်နူးရင်း အမှတ်တရညနေခင်း

    Friday, February 10, 2012

    Thursday, February 9, 2012

    Flag Animation


    တစ်နေ့မှာပျင်းတာနဲ့ Photo Shop ကိုသုံးပြီး အလံကိုလေထဲမှာလွင့်နေသလိုမျိုး လုပ်ကြည့်ပါတယ်။ ဒါပေမယ့် တစ်ခုခုလိုနေ သလို သိပ်ပြီးမပြည့်စုံဘူး။ ဒါနဲ့ Online မှာလိုက်ရှာကြည့်လိုက်တော့ ဒီဆော့ဖ်ဝဲကိုသွားတွေ့တယ် ဖိုင်ဆိုဒ်ကသေးသေးလေးနဲ့ အသုံးပြုလို့ကောင်းတယ်။ အသုံးပြုချင်တဲ့သူငယ်ချင်းတွေအတွက် မျှဝေပါတယ်။ အောက်မှာယူနော်။ Serial Key လဲပါတယ်။

    Wednesday, February 8, 2012

    WinRaR v3.71 Full Version.exe


    အွန်လိုင်း မှာနောက်ပိုင်း ဒေါင်းလုပ်လို့ရလာတဲ့ ဆော့ဖ်ဝဲတွေတော်တော်များများဟာ WinRaR ဆိုတဲ့ ဆော့ဖ်ဝဲ နဲ့ဖိုင်တွေကိုချုံ့ ထားတာ ဖိုင်တွေကိုခွဲထားတာ ပြီးတော့ ဖိုင်တွေကိုပေါင်းထားတာ စသည် ဖြင့်ပေါ့။ အဲတာတွေကို လွယ်လွယ်ကူကူနဲ့ ဖြည် ပြီးသုံးနိုင်အောင် ဒီဆော့ဖ်ဝဲကို မိမိစက်မှာထည့် ထား ဖို့လိုပါတယ်။ ပြီးတော့ ဖိုင်တွေကို Password ပေးပြီးသိမ်းနိုင်ပါသေး တယ်။ Full Version လေးကိုတင်ပေးထားပါတယ်။ လိုအပ်ရင်အောက်မှာ ယူလိုက်ပါ။


    Tuesday, February 7, 2012

    Monday, February 6, 2012

    BurnAware Professional



    ကဲ အခွေတွေကို ဘန်းမယ်။ အခွေတွေကို ပွားမယ်။ ISO file တွေကို CD, DVD ထဲဘန်းမယ်။ Data CD, Data DVD, Bridge Disc, Boot Disc, Blu-ray Disc, Audio CD, MP 3 Disc, DVD Video, Burn ISO, Make ISO, Make Boot ISO, Copy to ISO စတဲ့လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။

    Install နည်း။
    ပထမဆုံး ဒေါင်းလို့ရလာတဲ့ ဖိုင်ကို Right Click ဖြင့် Extract Here လုပ်ပါ။ BurnAware Professional.exe ကို Install လုပ်ပါ။ ပြီးရင် မသုံးသေးပဲ Diagram တွေကို ပိတ်ထားပါ။ Crack ဖိုင်ထဲက burnaware.exe ကို Copy လုပ်ပြီး Local Disk (C:) > Program Files > BurnAware Professional Folder ထဲ Paste လုပ်လိုက်ပါ။ Paste လုပ်လိုက်တာနဲ့ Dia Log တစ်ခုကျလာပါလိမ့်မယ်။ အဲဒီမှာ ပေါ်ဆုံးက Move and Replace ကိုရွေးပေးလိုက်ပါ။ ပြီးရင် Continue ။ ပြီးရင် အားလုံးပိတ်ပြီး Desktop ပေါ်က Icon ကို Double Click နှိပ်ပြီးစတင်သုံးလို့ရပါပြီ။ အဆင်ပြေပါစေဗျာ။

    Sunday, February 5, 2012

    Mp3tag v4.29 Portable


    ဒီဆော့ဖ်ဝဲက Mp3 သီချင်းတွေမှာပါတဲ့ Name, Title, Artists, Album, Genre စတာတွေကိုသူ့ရဲ့သီချင်းနဲ့သက် ဆိုင် အောင်ပြုပြင်ပေးနိုင်တဲ့ ဆော့ဖ်ဝဲလေးပါ။ ပြီးတော့ သီချင်းနောက်ခံပုံကိုလည်း အလွယ်တကူ ထည့်နိုင်ပါတယ်။ Mp3 Details Editing Tools တစ်ခုလည်းဖြစ်ပါတယ်။ သုံးရတာ အဆင်ပြေအောင် Portable လေးတင်ပေးထားပါတယ်။ စိတ်ဝင်စားရင် အောက်မှာယူလိုက်နော်။


    Saturday, February 4, 2012

    C Cleaner Set Up


    မိမိကွန်ပျူတာတွင်ရှိထားသင့်သည့် Software များအနက် CCleaner Software သည်လည်းတစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ကွန်ပျူတာ၏ စွမ်းဆောင်မှုများကို အပြည့်အ၀အသုံးချစေနိုင်ရန် နှင့်မလိုအပ်သော Temporary Internet File များ၊ Cookies များ စသည်တို့ကို ရှင်းလင်းပေး နိုင်ပါသည်။ ကွန်ပျူတာအသုံးပြုရာတွင် လေးလံစေသော မလိုအပ်သည့် Junk File များပေးနိုင်ပါတယ်။ ထို့အပြင် Registry Error များကိုပါ ရှင်းလင်းပေးနိုင်ပါတယ်။ CCleaner Software ကိုအသုံးပြုပြီးပြီး ကွန်ပျူတာကိုရှင်း လင်းပေးပြီးပါက ကွန်ပျူတာကို Window အသစ်တင်ပြီးသကဲ့သို့ ပေါ့ပါးသွက်လက်စွာ အသုံးပြုနိုင်သည်ကို တွေ့မြင်ရပါမှာ။ CCleaner Software သည် 2.88 MB ရှိပြီး Freeware တစ်ခုဖြစ်သည့်အတွက်ကြောင့် Serial Keys ထည့်သွင်းရန်မလိုပဲ Full Version အဖြစ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

    Friday, February 3, 2012

    Thursday, February 2, 2012

    USB Disk Security v 5.2.10


    ဒီဆော့ဖ်ဝဲလေးကတော့ USB ကလာတတ်တဲ့ Virus တွေကို ဖြေရှင်းပေးပါတယ်။ ကွန်ပြူတာထဲအမြဲ တမ်းထားသင့်ပါတယ်။ စွမ်းဆောင်မှုကတော့ အကောင်းဆုံးပါဘဲ။ USB ကို Scan ချင်ရင်လဲအဆင်ပြေပါတယ်။


    Wednesday, February 1, 2012

    Error Repair Profressional


    ကွန်ပြူတာမှာ ကလိတာများလေလေ Error များလေပါပဲ။ တစ်ခါတစ်လေ ဆော့ဖ်ဝဲ Install လုပ်တာလဲ အခန့်မသင့်ရင်လဲဖြစ် တတ်ပါတယ်။ နောက်ထပ် Error ဖြစ်နိုင်တာတွေလဲ အများကြီးပါပဲ။ ဒါကြောင့်မို့ အထက်ပါ ဆော့ဖ်ဝဲလေး Run ပေးထား ပြီးအသုံးပြုပါကအဆင်ပြေနိုင်ပါတယ်။


    Share

    Twitter Delicious Facebook Digg Stumbleupon Favorites More