လျှောက်ခဲ့ဖူးတဲ့လမ်းများအတိုင်းပဲ ငါ
စိတ်ကူးယဉ်ဆန်တဲ့ ချစ်တတ်စအရွယ်
ပညာသင်ကြားနေတုန်းပေါ့ အချစ်နဲ့တွေ့ခဲ့ရ။
ငါလေ ရှောင်လွှဲလို့မရ ဘယ်လိုမှန်းလဲမသိ
ငါသေနိုင်တယ်။
အချစ်နဲ့တစ်ခါမှ မစွဲငြိဘူးတော့ ငါ
မင်းတစ်ယောက်ကို တတယ်ပဲချစ်မ၀ခဲ့။
အမှောင်ကို အလင်းထင် ငါ့ဘ၀ အသိကစိတ်နဲ့ကင်းကွာ
အရာရာကိုဖောက်ထွင်းလို့ လွယ်ကူစွာကျော်လွှားရင်း
ငါ့နှလုံးသားက မင်းရှိရာကို ပျံသန်းလို့သွားခဲ့
နောက်ပြန်မလာနိုင် အရှည်လျားဆုံးအရိပ်အောက်မှာမျောနေ
ငါ နိုးထတော့ အမှောင်ပျိုးချိန်။
ပန်းလေးတစ်ပွင့်လို့ မင်းလှလွန်းတော့ ငါ
တိတ်ဆိတ်စွာ ရင်ထဲ ခလုတ်တိုက်နေ
ဘယ်လိုရူးသွပ်ခြင်းလဲ အချစ်ကပြောင်းလဲခြင်းလား
အရင်လိုနေလည်းမရ အရည်လိုပျော်သွားခဲ့။
ငါမခံနိုင်ပြီ။






0 comments:
Post a Comment