လမ်းဘေးလွင့်တဲ့ သစ်ရွက်ခြောက်လိုပဲ
ခြေရာတွေအလယ်မှာ ကိုယ့်အသည်း
မင်းလေးစွန့်ပစ်လို့ ထားရစ်ခဲ့ပါတယ်။
မယုံကြည်နိုင်အောင်ပါပဲ။
အချစ်ကမင်းအတွက်ကစားတဲ့အရုပ်ကလေး
အမြဲတမ်းစွန့်ပစ်ဖို့အသင့် ခဏပျော်ယုံလေး။
လွယ်လွယ်နဲ့ချစ်ခဲ့မိတော့လေ
လွယ်လွယ်နဲ့မေ့ပစ်လိုက်ပြီလား။
လွယ်လွယ်နဲ့ငြိမ်းလို့မရတဲ့ကိုယ့်ရင်ထဲက
မီးတောက်များ မင်းလေးမြင်နိုင်မလား။
ရင်ထဲကကိုယ့်ရဲ့အလွမ်းတွေ မင်းအနမ်းနဲ့
ငြိမ်းမှငြိမ်းမယ် အသည်းခွဲလို့မထားခဲ့ပါနဲ့
လွယ်လွယ်နဲ့ချစ်ခဲ့မိတော့လေ
လွယ်လွယ်နဲ့မေ့ပစ်လိုက်ပြီလား။
ချစ်ခဲ့ရလို့ နေရစ်ခဲ့ရသူကိုယ့်အတွက်
ဒဏ်ရာရောင်စုံတွေ ရင်ထဲ
မုန်းခဲ့ပြီးတော့မှ အမြဲတမ်းမင်းပြုံးတတ်တယ်။
မာယာပိုင်ရှင်မလေး။
ဘ၀တစ်ခုနဲ့ရင်းပြီးချစ်တဲ့ကိုယ့်အမှား
ချစ်လိုက်မုန်းလိုက်ပြောင်းလဲပြီးတော့သူကစား။
လွယ်လွယ်နဲ့ချစ်ခဲ့မိတော့လေ
လွယ်လွယ်နဲ့မေ့ပစ်လိုက်ပြီလား။
လွယ်လွယ်နဲ့ငြိမ်းလို့မရတဲ့ကိုယ့်ရင်ထဲက
မီးတောက်များ မင်းလေးမြင်နိုင်မလား။
ရင်ထဲကကိုယ့်ရဲ့အလွမ်းတွေ မင်းအနမ်းနဲ့
ငြိမ်းမှငြိမ်းမယ် အသည်းခွဲလို့မထားခဲ့ပါနဲ့
လွယ်လွယ်နဲ့ချစ်ခဲ့မိတော့လေ
လွယ်လွယ်နဲ့မေ့ပစ်လိုက်ပြီလား။
ရင်ထဲကကိုယ့်ရဲ့အလွမ်းတွေ မင်းအနမ်းနဲ့
ညိမ်းမှငြိမ်းမယ် ဒဏ်ရာတွေမထားခဲ့ပါနဲ့
လွယ်လွယ်နဲ့ချစ်ခဲ့မိတော့လေ
လွယ်လွယ်နဲ့မေ့ပစ်လိုက်ပြီလား။
လွယ်လွယ်နဲ့ချစ်ခဲ့မိတော့လည်း
လွယ်လွယ်နဲ့မေ့ပစ်လိုက်ပြီလား။
သီချင်းကို ဒီမှာ ယူနိုင်ပါတယ်။
0 comments:
Post a Comment