သိပ်ချစ်မိလို့များ အပြစ်ဖြစ်ရတာလားကွာ
မကြင်နာချင်နေပါ မညာပါနဲ့ကွာ ရင်မှာ
အရှိအတိုင်းလက်ခံမယ်။
အသည်းကွဲရအောင်လို့ မင်း ရက်စက်ရင်လည်းလဲကွာ
ဒဏ်ရာတွေကိုသာ ခံယူရင်းနဲ့
ရင်မှာ ဆက်ပြီး ချစ်နေမှာ။
ဒီလို မချစ်ဘူး မပြောပါနဲ့
မင်းလုပ်သမျှအားလုံးကိုကျေနပ်တယ်။
ယုံပါ ဒီအချစ်များ မငြင်းပါနဲ့
မင်းဘ၀အတွက် အကောင်းဆုံးကို ဖန်တီးလို့
တကယ်ပါ တသက်လုံး ချစ်နေမှာ။
မျှော်လင့်ရင်း စောင့်ရသူ ကြေကွဲအောင်မလုပ်နဲ့။
အပြောင်းအလဲ များစွာအတွက် မင်းထားခဲ့ရင်လည်းကွာ
အရာရာအဆင်ပြေအောင်ကိုယ်ဖြည့်ဆည်းလို့
အရင်လို ဆက်ပြီး ချစ်နေမှာ။
မင်းစိတ်ရဲ့အလိုအတိုင်း အမြဲအသင့်ရှိနေတဲ့သူ
ညှာတာနေစရာ မလို အမှန်အတိုင်း ပြောလိုက်
ဟန်မဆောင်တက်ဘူး ချစ်တယ်ကွာ။
ဒီလို မချစ်ဘူး မပြောပါနဲ့
မင်းလုပ်သမျှအားလုံးကို ကျေနပ်တယ်။
ယုံပါ ဒီအချစ်များ မငြင်းပါနဲ့
မင်းဘ၀အတွက် အကောင်းဆုံးကို ဖန်တီးလို့
တကယ်ပါ တသက်လုံး ချစ်နေမှာ။
မျှော်လင့်ရင်း စောင့်ရသူ ကြေကွဲအောင်မလုပ်နဲ့
ဒီလို မချစ်ဘူး မပြောပါနဲ့
မင်းလုပ်သမျှအားလုံးကို ကျေနပ်တယ်။
ယုံပါ ဒီအချစ်များ မငြင်းပါနဲ့
မင်းဘ၀အတွက် အကောင်းဆုံးကို ဖန်တီးလို့
တကယ်ပါ တသက်လုံး ချစ်နေမှာ။
မျှော်လင့်ရင်း စောင့်ရသူ ကြေကွဲအောင် မလုပ်နဲ့
တောင်းပန်တယ် အချစ်ရယ်။
0 comments:
Post a Comment