အို ပျော်ရွှင်ခြင်းများ
တကယ်နီးနီးလေးရှိလျက်နဲ့
ဝင်လာမယ် ၀မ်းနည်းမှုတွေ
မျှော်မနေလည်း ကြုံမယ်။
ဒီလိုပဲပေါ့
အလွမ်းအဆွေးများဟာ
ဝေဒနာ အလွမ်းအဆွေးများဆိုတာ
ပျော်စရာတွေခိုးယူသွား။
ကဲ ငိုမနေနဲ့တော့
အရေးမကြီးသလို ထားလိုက်
အခက်အခဲတွေ မေ့လိုက်
ကြာလာရင် ရူးမယ်မတွေးနဲ့။
အရှုံးတွေကို သတိရနေမလား
အရှုံးတွေကို ခံစားနေမလား
တစ်ခါငိုချင်တိုင်း ငါမင်းရဲ့အနားမှာ
ငါမင်းရဲ့အနားမှာ အတူတူရှိနေမှာ
လူဟာလိုအပ်ခြင်းနဲ့
အမြဲတမ်းရှိနေမယ်။
ကိုယ့်သဘောတစ်ခုတည်းနဲ့
ညီချင်လည်း ညီမယ်။
ဒီလိုပဲပေါ့
အလွမ်းအဆွေးများဟာ
ဝေဒနာ အလွမ်းအဆွေးများဆိုတာ
ပျော်စရာတွေခိုးယူသွား။
အရှုံးတွေကို သတိရနေမလား
အရှုံးတွေကို ခံစားနေမလား
တစ်ခါငိုချင်တိုင်း ငါမင်းရဲ့အနားမှာ
ငါမင်းရဲ့အနားမှာ အတူတူရှိနေမှာ။
0 comments:
Post a Comment